၁။ မင်းလမ်းဆိုတာ လမ်းဘေးအစားအစာတွေကို ရောင်းချရင်းဖြင့် အောင်မြင်လာသည့် သက်သေမှတ်တိုင်တစ်ခုဖြစ်ပါသည်။ မင်းလမ်းရဲ့ အောင်မြင်မှုကြောင့် ရခိုင်မုန့်တီဟာ လမ်းဘေးအစားအစာမှလူကြိုက်များသည့်အဆင့်မြင့် အစားအစာ တစ်ခုဖြစ်လာပါသည်။

 

၂။ မင်းလမ်းဆိုင်တွင် ရောင်းချသော အစားအသောက်များသည် ရခိုင်မုန့်တီဖတ်၊ ပင်လယ်စာနှင့်ဟင်းသီးဟင်းရွက်များဖြစ်ပါသည်။ဟင်းချက်ရာတွင်အသုံးပြုသော(Ingredients) ဟင်းခတ်ပစ္စည်းများ မှိုနှင့် ဓာတုဗေဒမပါရန်အတွက် သေချာကြိုတင်ဝယ်ယူကာ သင့်တော်သော အအေးချိန် (Chiller, Freezer)များတို့တွင် သိမ်းဆီးထားပါသည်။

 

၃။ မင်းလမ်းဆိုင်တွင် ရောင်းချသောမုန့်ဖတ်သည် ဆန်ကောင်းဆန်သန့်များကို အသုံးပြုပြီးမုန့်ဖတ်ဖြစ်သည်အထိစနစ်တကျပြုလုပ်ထားပါသည်။Quality-အရည်အသွေး နှင့် Food Safety -အစားအစာ ဘေးကင်းမှု အတွက် ၃၀၄ ဂရိတ် စတီးပစ္စည်းများကို အသုံးပြုခြင်း၊ Time control စံနှုန်းအတိုင်း ဆိုင်တွင် ရေနွေးဖြင့် အနည်းငယ်စီ မုန့်နစ်ကို ပြုတ်ထောင်းခြင်း၊ စားသုံးသူလာမှ လတ်လတ်ဆတ်ဆတ် မုန့်ဖတ်ညှစ်ပေးခြင်း၊ နေ့စဉ် (65C)ရေပူဖြင့် ပိုးသတ်ခြင်းတို့ကို လုပ်ဆောင်ပါသည်။ မင်းလမ်းလက်ညှစ်မုန့်ဖတ်သည် ရိုးရာမပျက် ခေတ်နဲ့အညီ ဓာတုမပါပဲ သန့်ရှင်းမှုဖြင့် စနစ်တကျပြုလုပ်ထားပါသည်။
(စက်ရုံများမှအလွယ်တကူဝယ်ယူထားသည့်မုန့်နစ်ကို အသုံးပြုထားသည့်လက်ညှစ်မုန့်ဖတ်မဟုတ်ပါ။)

 

၄။ မင်းလမ်းမှ ပင်လယ်စာ၏ ထူးခြားမှုကတော့ ကမ်းနီးလှေများမှ တိုက်ရိုက်ဝယ်ယူကာ လတ်လတ်ဆတ်ဆတ်ရောင်းချခြင်းဖြစ်ပါသည်။ စားသုံးသူများကို လတ်လတ်ဆတ်ဆတ် ပင်လယ်စာများရောင်းချပေးချင်သည့်အတွက်ရန်ကုန်မှအလွယ်တကူဝယ်ယူရောင်းချနိုင်သည့်ပင်လယ်စာများကိုမဝယ်ပဲကမ်းခြေများတွင်ပင်လယ်စာအဝယ်ဒိုင်များဖွင့်လစ်ထားပါသည်။မင်းလမ်း၏ဦးတည်ချက်တစ်ခုသည်လတ်ဆတ်သောပင်လယ်စာများ၏ သဘာဝ မူရင်းအရသာကိုစားနိုင်စေဖို့ဖြစ်ပါသည်။

 

၅။ မင်းလမ်းဆိုင်မှ ဟင်းသီးဟင်းရွက်များသည် ရခိုင်ရိုးမ တောင်ယာထွက် ပစ္စည်းများနှင့် မင်းလမ်းခြံထွက် အော်ဂင်းနစ် ဟင်းသီးဟင်းရွက်များဖြစ်ပါသည်။

 

၆။ အစားအသောက်များပြုလုပ်ရာတွင် FoodSafety သင်တန်းပေးထားသည့် ဝန်ထမ်းများမှ Hot Food(အပူစာ) နှင့် Cold Food(အအေးစာ)များ၏စံနှုန်းများအတိုင်း စနစ်တကျ ပြုလုပ်ထားပါသည်။ အဟာရရှိရှိ၊ အရသာရှိရှိ ဘေးကင်းစွာ စားသုံးသူများ စားသောက်စေဖို့သည် မင်းလမ်း၏ဦးတည်ချက်ဖြစ်ပါသည်။ လူမျိုးဘာသာမရွေး၊ အသက်အရွယ်မရွေး မင်းလမ်း၏အစားအစာများကို စားသောက်နိုင်ဖို့ ပြင်ဆင် စီမံထားပါသည်။မင်းလမ်းဆိုင်များတွင်ProcessedFoodပြုပြင်ထားသည့်အစားအစာများနှင့်မွေးမြူရေးငါးပုဇွန်များတို့ကိုမရောင်းချပါ။

 

၇။ (မင်းလမ်းဆိုင်သည် လမ်းဘေးစရောင်းကတည်းကစ ယုံကြည်စွာအားပေးခဲ့ကြသည် စားသုံးသူများနှင့် မင်းလမ်း၏အစားအစားကို အားပေးခဲ့သည့် စားသုံးသူအားလုံးတို့ကို အထူးကျေးဇူးတင်ပါသည်။ တနေ့ထက်တနေ့ ပိုကောင်းအောင် Moving Toward Better အစွမ်းကုန်ကြိုးစားပါမည်။)
မင်းလမ်း၏အနာဂတ်ပန်းတိုင်သည် မြန်မာပြည် မြို့ကြီးအနှံ့ နှင့် အာရှနိုင်ငံများတွင် ဆိုင်ခွဲများဖွင့်နိုင်ဖို့ဖြစ်ပါသည်။
စားသုံးသူကျေးဇူးရှင်များအားလုံး ကိုယ်စိတ်နှလုံးအေးချမ်းပြီး ဘေးကင်းကြပါစေ။

မင်းလမ်းမုန့်တီ

မင်းလမ်းမုန့်တီဆိုင်၏ ဦးတည်ချက်များ

1. လုံခြုံစိတ်ချသောအစားအစာများဖြစ်ရမည်။

2. အာဟာရပြည့်ဝသောအစားအစာများဖြစ်ရမည်။

3. စားသုံးသူများ စိတ်ကျေနပ်မှုရှိရမည်။

4. ရခိုင်အစားအစာများ နှင့် ပြည်တွင်းအစားအစာများ မြင့်မားရမည်။

5. ဝန်ထမ်းများ၏ဘဝ တိုးတက်ကောင်းမွန်ရမည်။

Minlan Story Image
Minlan Story Image

မင်းလမ်းမုန့်တီဆိုင်၏ မျှော်မှန်းချက်များ

1.  To use quality ingredients.

2. To serve safe and healthy food.

3. To provide exceptional customer service.

4. To raise the standard of Rakhine cuisine and Local Foods.

5. To improve the welfare of staff.