ဆိုင်တည်ထောင်သူ မမေချို၏အဘောင်မ(အဖွား) ကိုယ်တိုင် ပြုလုပ်ရောင်းချခဲ့သော သနပ်သုပ်

ဒီနေ့မှာတော့ မင်းလမ်းမုန့်တီဆိုင်မှ အရွက်စုံသနပ်သုပ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော် ရခိုင်ဒေသတွင် ဒေသအလိုက် သနပ်သုပ်အမျိုးမျိုးရှိပါသည်။ ပါဝင်သည့်အမျိုးအစား၊ အချိုးအစား ကွဲပြားပါသည်။ ကျောက်ဖြူတွင် ကျောက်ဖြူရိုးရာ သနပ်သုပ်၊ စစ်တွေတွင် စစ်တွေသနပ်သုပ် စသည့်အမျိုးမျိုးရှိကြပါသည်။ မင်းလမ်းဆိုင်မှ သနပ်သုပ်သည် ရခိုင်ပြည်၊ မြေပုံမြို့မှ ဆိုင်တည်ထောင်သူ မမေချို၏အဘောင်မ(အဖွား) ကိုယ်တိုင် ပြုလုပ်ရောင်းချခဲ့သောနည်း ဖြစ်ပါသည်။ လတ်လတ်ဆတ်ဆတ် အရွက်များကို အဟာရရှိအောင် သုပ်ထားပါသည်။ သနပ်သုပ်လေးမှာ ငှက်ပျောဖူး ၊ ပဲပင်ပေါက် ၊ မှို ၊ ကန်စွန်းရွက် ၊ ချဉ်ပေါင် ၊ သစ်ခေါက်ပွင့်၊ အုန်းဖူး လေးတို့ သုပ်ထားသော ရခိုင်ရိုးရာ သနပ်သုပ်လေးကို စားလိုက်ရင်ဖြင့် လျှာလည်သွားမယ်နော်……..


Latest Knowledges

ငုတ်နေတာတွေ ပွင့်ထွက်သွားမယ့် ရခိုင်ကြက်သောက်ဆမ်း

ငုတ်နေတာတွေ ပွင့်ထွက်သွားမယ့် ရခိုင်ကြက်သောက်ဆမ်း

အခုလိုမိုးအေးအေးနှင့်လိုက်ဖက်ပြီးချက်ရတာလည်း လွယ်ကူခံတွင်းပျက်နေသူများလည်း ထမင်းစားမြိန်စေမယ့် 'ရခိုင်ကြက်သောက်ဆမ်း'ချက်စားကြမယ် https://www.youtube.com/watch?v=f6yAIN3RbK8
ပုဇွန်သောက်ဆမ်း (Hot & Sour Prawn Soup)

ပုဇွန်သောက်ဆမ်း (Hot & Sour Prawn Soup)

မိမိအိမ်တွင် ကိုယ်တိုင်ချက်စားလိုသည့် စားသုံးသူများအတွက် ပုဇွန်သောက်ဆမ်း ချက်နည်းလးပါဗျ https://www.youtube.com/watch?v=1a4SH17ODpA&t=46s